Warning: Use of undefined constant ‘1’ - assumed '‘1’' (this will throw an Error in a future version of PHP) in /home/graceamgroup/public_html/wp-content/plugins/easy-visitor-counter/index.php on line 215

Warning: Use of undefined constant REQUEST_URI - assumed 'REQUEST_URI' (this will throw an Error in a future version of PHP) in /home/graceamgroup/public_html/wp-content/themes/inspiry-builderpress/functions.php on line 73
About Us – AM Construction Group

AM Construction Group

Mon to Fri - 09:00 to 05:00

Toll Free

+95 9 2007825

Toll Free

1. Introduction

AM Construction Group အား ၁၉၉၃ ခုနှစ်မှ စတင်၍ Engineer U Aye Min မှ တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစတင်၍ ယနေ့ထက်တိုင် အဆောက်အဦး တည်ဆောင်ခြင်းလုပ်ငန်း၊ ကြီးကြပ်ခြင်းလုပ်ငန်း၊ ပုံစံထုတ် Design ရေးဆွဲခြင်းလုပ်ငန်း စသည့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် အတွေ့အကြုံ ၂၅ နှစ်ကျော်သက်တမ်းရှိ၍ နာမည်ကောင်းဖြင့် ရပ်တည်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သက်တမ်း ၂၅ နှစ်ကျော်ကာလအတွင်းတွင် အစိုးရ Project များ၊ လူနေအိမ်များ၊ Hotel များ၊ Shopping Center များအား အရည်အသွေးပြည့်ဝစွာ တည်ဆောက်၍ လုပ်ငန်းအပ်နှံသူများထံသို့ အောင်မြင်စွာ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါသည်။

Engineer U Aye Min ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဝါရင့် Engineer များ၊ သိလိုစိတ်ပြင်းပြ၍ သင်ယူလိုစိတ်ဖြင့်ကြိုးစားနေသော မျိုးဆက်သစ် အင်ဂျင်နီယာများ၊ ဝါရင့်လုပ်သားခေါင်းဆောင်များ၊ ကျွမ်းကျင်လုပ်သားများဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

2. Our Objective

AM Construction Group ၏ လုပ်ငန်းရည်ရွယ်ချက်များမှာ –

  • လုပ်ငန်းအပ်နှံသူအိမ်ရှင် စိတ်တိုင်းကျပြီးပြည့်စုံသော အဆောက်အဦးများ ဖန်တီးတည်ဆောက်ပေးရန်
  • အိမ်ရှင်ဘက်မှ ကျခံလိုက်ရသော ငွေကြေးပမာဏထက်ပိုမိုသာလွန်သော အရည်အသွေးဖြင့် ဝန်ဆောင်မှုပေးရန်
  • သင့်တင့်လျောက်ပတ်သောအချိန်၊ ငွေကြေးကုန်ကျမှု အတိုင်းအတာတစ်ခုအတွင်း လုပ်ငန်းလက်စသတ် အပ်နှံနိုင်ရန်
  • ခေတ်နှင့်အညီ လှပဆန်းသစ်သော၊ သေသပ်သော၊ အရည်အသွေးကောင်းမွန်သော အဆောက်အဦးများ ဖန်တီးတည်ဆောက်ရန်
  • မတော်တဆမှု ဘေးအန ္တရာယ်ကင်းရှင်း၍ သန့်ရှင်းသပ်ရပ်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖန်တီးရန်

အထက်ပါ လုပ်ငန်းရည်ရွယ်ချက်များ ကောင်းမွန်စွာ ပြီးစီးနိုင်ရေးအတွက်

  • ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် အင်ဂျင်နီယာ အသီးသီးမှ စဉ်ဆက်မပြတ် ကြီးကြပ်စောင့်ကြည့်ခြင်း
  • လုပ်သားခေါင်းဆောင်များ၊ အင်ဂျင်နီယာများနှင့် တစ်ပတ်တစ်ခါ အစည်းအဝေးလုပ်၍ တိုင်ပင်ဆွေးနွေးခြင်း
  • အင်ဂျင်နီယာများ၊ လုပ်သားခေါင်းဆောင်များ၊ လုပ်သားများ အရည်အသွေးတိုးတက်စေရေးအတွက် လုပ်ငန်းခွင်တွင်းပို့ချခြင်း လိုအပ်ပါက သင်တန်းပေးခြင်းများ ပြုလုပ်ပါသည်။

3. Our Vision

AM Construction Group ၏ ရည်မှန်းချက်များမှာ –

  • လုပ်သားခေါင်းဆောင်များ၊ လုပ်သားများနှင့် လုပ်ငန်းအပ်နှံသူအိမ်ရှင်ကြားတွင် သမာသမတ်ကျကျ ရပ်တည်နိုင်ရန်
  • ဂုဏ်သိက္ခာရှိ၍ အများကလေးစားရသော နာမည်ကောင်းဖြင့်ရပ်တည်နိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ရန်
  • စိတ်ဓာတ်၊ စည်းကမ်း၊ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများ၊ စနစ်ကျကောင်းမွန်သော ဆောက်လုပ်ရေးနည်းစနစ်များ၊ တီထွင်ဖန်တီးမှုများဖြင့် အရည်အသွေးကောင်းမွန်သော အဆောက်အဦးများ တည်ဆောင်နိုင်ရန်